ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေး

ရန်ကုန်မြို့လယ် ဆူးလေ ဘုရားအနီးမှာ တတိယနေ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ရောက်ရှိနေပြီး မြို့တော်ခန်းမရှေ့ လမ်းမပေါ်ကို ဆန္ဒပြသူတွေ မဝင်နိုင်အောင် ရဲတပ်ဖွဲ့က လေးဖက်လေးတန်က ပိတ်ဆို့ထားပါတယ်။

ဆက်သွယ်ရေးရုံးရှေ့၊ ဧရာဝတီဘဏ်ရှေ့၊ အနော်ရထာလမ်း တို့မှာ လူတွေ အများအပြားစုဝေးနေပါတယ်။

ဒီဆန္ဒပြပွဲတွေကို ဦးဆောင်သူအဖွဲ့တွေနဲ့ လာသူတွေ၊ အစုအဖွဲ့အလိုက်လာသူတွေ နဲ့ တစ်ဦးချင်းလာသူတွေ စုဝေးရောက်လာကြတာပါ။

အဲဒီထဲက အများစုက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေ အများအပြားပါဝင်ပါတယ်။

အဲဒီနေရာမှာ ရဲတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာတွေ့ရပြီး စစ်တပ်က နေရာယူထားတာ မတွေ့ရပါဘူး။

ဆန္ဒပြသူတွေကို အစားအသောက်၊ ရေနဲ့ နှာခေါင်းစည်း ဝေငှသူတွေလည်း ရှိနေပါတယ်။

ဆန္ဒပြသူတချို့က ရဲတပ်ဖွဲ့ဝင်တွေကို အစားအသောက်နဲ့ ရေတွေ သွားပေးတာလည်း ရှိပြီး တချို့ ရဲတပ်ဖွဲ့ဝင်တွေက ယူပြီး တချို့က မယူကြပါဘူး။

ရန်ကုန်မြို့လယ်အပြင် မြို့တွင်း လမ်းမကြီးတချို့မှာ ချီတက်သွားလာနေတဲ့ ဆန္ဒပြသူတွေရှိနေပါတယ်။







BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေး  ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေး Reviewed by THITHTOOLWIN on 17:31 Rating: 5

No comments:

Powered by Blogger.