နေပြည်တော်ထောင်ရှေ့ဆန္ဒပြသူတွေကို ရဲတွေက ပိတ်ထား

 

ဆန္ဒပြတဲ့ ကျောင်းသား၂၀ ခန့် နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖမ်းခံခဲ့ရပြီး နေပြည်တော်အချုပ်ထောင်ရှေ့မှာ သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

နေပြည်တော် ထောင်ရှေ့လာပြီး တောင်းဆိုနေတဲ့ လူအရေအတွက်ဟာ အနည်းဆုံး နှစ်ထောင်ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း နေပြည်တော်အချုပ်ထောင်ရှေ့မှာရှိနေသူတွေက ပြောပါတယ်။

နေပြည်တော်အချုပ်ထောင်ရှေ့ ကိုလာဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့ကို ဆန္ဒပြသူတွေက ပိတ်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေကတော့ တန်းစီပြီး နေရာယူထားပါတယ်။

ဆန္ဒပြတဲ့လူအုပ်ထဲမှာ ကျောင်းဝတ်စုံ အဖြူအစိမ်းဝတ်ထားတဲ့ ဆရာမအချို့ကိုလည်းတွေ့ရပါတယ်။

နေပြည်တော်ထောင်ရှေ့ ဆန္ဒပြမှု

နေပြည်တော်ထောင်



BBC Burmese

https://www.bbc.com/burmese/live/burma-56046651

နေပြည်တော်ထောင်ရှေ့ဆန္ဒပြသူတွေကို ရဲတွေက ပိတ်ထား  နေပြည်တော်ထောင်ရှေ့ဆန္ဒပြသူတွေကို ရဲတွေက ပိတ်ထား Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.