ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖို့ လွှတ်တော်ကိုယ်စားပြု ကော်မတီ တိုက်တွန်း

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖို့ လွှတ်တော်ကိုယ်စားပြု ကော်မတီ တိုက်တွန်း NLD လွှတ်တော်ကိုယ်စားလှယ်များ  / File Photo - AFP

အာဏာသိမ်းစစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ရပ်ကွက်ကျေးရွာအလိုက် ပြည်သူတွေကိုယ်တိုင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ကြဖို့  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်မပေးနိုင်တဲ့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ နှောင့်ယှက် ဖျက်စီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ်ယူဖို့ လိုတယ်လို့လည်း (CRPH) ရဲ့ တိုက်တွန်းစာမှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်မှန်သမျှကို မလိုက်နာဖို့၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ဆက်လုပ်သွားဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ပြည်ထောင်စုအစိုးရဖွဲ့ဖွဲ့လာရင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ပူးပေါင်းဖို့လည်း ကြေညာချက်မှာပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီကော်မတီမှာပါဝင်တဲ့သူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/crph-statement-military-coup-02212021123938.html

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖို့ လွှတ်တော်ကိုယ်စားပြု ကော်မတီ တိုက်တွန်း  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖို့ လွှတ်တော်ကိုယ်စားပြု ကော်မတီ တိုက်တွန်း Reviewed by THITHTOOLWIN on 02:21 Rating: 5

No comments:

Powered by Blogger.