ရွှေပြည်သာမှာ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကင်းသမားနာရေး ဒီနေ့ ညနေ ပြုလုပ်မယ်


ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက ရပ်ကွက်ကင်းစောင့်နေစဉ် ရဲကားတစ်စီးပေါ်ကနေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုတင်ထွဋ်ဟိန်းရဲ့ နာရေးကို ဒီနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မှာဖြစ်တယ်လို့ နာရေးဖိတ်စာမှာဖော်ပြထားပါတယ်။

ကိုတင်ထွဋ်ဟိန်းပစ်ခတ်သတ်ဖြတ်ခံရမှုကို မိသားစု သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲစခန်းက အမှုပေးမဖွင့်သေးဘဲ ဖျန်ဖြေပြောကြားတာ၊ ဖြစ်စဉ်ဟာ တာဝန်ချိန်အတွင်း လုပ်ဆောင်တာဖြစ်တဲ့အကြောင်း ရှင်းပြတာနဲ့ ဆွေးနွေးတဲ့သဘောလုပ်ဆောင်ပေးတယ်လို့ သေဆုံးသူဖခင်က ဘီဘီစီကိုပြောကြားထားပါတယ်။

ကိုတင်ထွဋ်ဟိန်းဟာ သေဆုံးချိန်မှာ အသက် ၃၀ ရှိပြီဖြစ်ပြီး ဇနီးနဲ့ သားတစ်ဦးကျန်ရစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးတည်းက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေအတွင်း ၄ ဦးသေဆုံးထားကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံအတွင်း ဆန္ဒပြမှုတွေ သုံးပတ်တာကာလအတွင်း သေဆုံးသူ ၄ ဦးရှိတယ်လို့ပြောကြားထားပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ မမြသွဲ့သွဲ့ခိုင်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကမန္တလေးရတနာပုံသင်္ဘောကျင်းဖြိုခွင်းမှုမှာ အသက် ၃၇ နှစ်အရွယ် ကိုသက်နိုင်ဝင်း(ခ) ကိုမင်းမင်းနဲ့ အသက် ၁၆ နှစ်အရွယ် ကိုဝေယံထွန်းတို့ သေဆုံးခဲ့ရပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ရွှေပြည်သာမှာ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကင်းသမားနာရေး ဒီနေ့ ညနေ ပြုလုပ်မယ်  ရွှေပြည်သာမှာ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကင်းသမားနာရေး ဒီနေ့ ညနေ ပြုလုပ်မယ် Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.