ရန်ကုန်မှာ တံတားတချို့ပိတ်

ရန်ကုန်မြို့တွင်း ဖေဖော်ဝါရီ ၈ ရက်က ဆန္ဒပြမြင်ကွင်း

ရန်ကုန်မှာ လူငါးဦးနဲ့အထက် ပိုမစုရနဲ့ ည ၈နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက် ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်မနက်ပိုင်းကစလို့ တံတားတချို့ကိုပိတ်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိရရှိထားတဲ့သတင်းတွေအရ ရွှေပြည်သာ၊ လှိုင်သာယာ၊ သန်လျင်က တံတားတချို့ကို ပိတ်ထားတယ်လို့ သိရပြီး လှိုင်သာယာနဲ့ အင်းစိန်ကိုဆက်သွယ်ထားတဲ့အောင်ဇေယျတံတား၊ သန်လျင်မြို့နယ်က ကုလားဝဲတံတားတို့ကို ပိတ်ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ လက်ရှိမှာတချို့တံတားတွေကို ပြန်ဖွင့်ပေးထားတယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990512?fbclid=IwAR391sg6E0LCgBA_Y7o_r5U36cOsTMlB-Nu52yr-dV93EyPJBxx20D1OZHM

ရန်ကုန်မှာ တံတားတချို့ပိတ်  ရန်ကုန်မှာ တံတားတချို့ပိတ် Reviewed by THITHTOOLWIN on 09:09 Rating: 5

No comments:

Powered by Blogger.