မြန်မာစစ်ခေါင်းဆောင်တွေကိုအရေးယူတဲ့ သမ္မတအမိန့်သစ် ဂျိုးဘိုင်ဒင် ကြေညာ


မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ အမေရိကန် ထပ်ဆင့်လုပ်ဆောင်

မြန်မာစစ်ခေါင်းဆောင်တွေအပေါ်ဒဏ်ခတ်အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ကြောင်းအမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကဖေဖော်ဝါရီလ၁၀ရက်နေ့မှာကြေညာပါတယ်။

အာဏာသိမ်းဖို့ကြိုးကိုင်စေခိုင်းခဲ့တဲ့မြန်မာစစ်ခေါင်းဆောင်တွေနဲ့သူတို့ရဲ့မိသားစု၀င်တွေကိုပစ်မှတ်ထားအရေးယူတာဖြစ်ပါတယ်။

“စစ်ခေါင်းဆောင်တွေ၊သူတို့ရဲ့စီးပွားရေးတွေနဲ့မိသားစုတွေအပေါ်ပိတ်ဆို့အရေးယူတာတွေချက်ခြင်းလုပ်ဆောင်နိုင်တဲ့သမ္မတအမိန့်သစ်ကိုအတည်ပြုလိုက်တယ်” ဆိုပြီးအမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

ဘယ်သူတွေ၊ဘယ်အရာတွေအပေါ်ပိတ်ဆို့တာလဲဆိုတဲ့အတိအကျအချက်တွေကိုပထမအသုတ်အနေနဲ့အခုသီတင်းပတ်ထဲမှာပဲအမေရိကန်အာဏာပိုင်တွေကြေညာသွားဖို့ရှိပါတယ်။

မြန်မာပြည်ထဲတင်သွင်းမယ့်အရာတွေအပေါ်လည်းအမေရိကန်အနေနဲ့တင်းတင်းကျပ်ကျပ်စိစစ်ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

“အာဏာသိမ်းမြန်မာစစ်တပ်ကိုအကျိုးဖြစ်စေမယ့်အမေရိကန်နဲ့သက်ဆိုင်တဲ့အရာတွေကိုထိန်းချုပ်လိုက်ပြီ။ဒါပေမယ့်၊မြန်မာပြည်သူတွေကိုတိုက်ရိုက်အကျိုးပြုနေတဲ့ကျန်းမာရေး၀န်ဆောင်မှုအပါအ၀င်လူမှုအထောက်အကူပြုအကူအညီတွေကိုတော့အမေရိကန်ကဆက်ပေးသွားမယ်” လို့သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

မြန်မာပြည်မှာဆန္ဒပြပွဲတွေအရှိန်မြင့်ပေါ်ပေါက်နေချိန်၊အဲဒီလိုဒီမိုကရေစီနည်းကျဆန္ဒထုတ်ဖော်မှုအခွင့်အရေးတွေအပေါ်အကြမ်းဖက်ဖြိုခွဲတာမျိုးတွေကလည်းလက်သင့်ခံဖွယ်ရာမရှိဘူးလို့သမ္မတဂျိုးဘိုင်ဒင်ကသတိပေးပါတယ်။

“ မြန်မာပြည်သူတွေဟာသူတို့ရဲ့အသံတွေကိုအများကြားအောင်ထုတ်ဖော်နေတယ်။ကမ္ဘာကြီးကလည်းစောင့်ကြည့်နေတယ်” လို့သမ္မတဂျိုးဘိုင်ဒင်ကဆိုပါတယ်။

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေအပေါ်ပစ်မှတ်ထားအရေးယူမှုအသစ်တွေကိုအမေရိကန်အနေနဲ့ထပ်ဆင့်လုပ်ဆောင်သွားဖို့ရှိပြီး၊တခြားနိုင်ငံတွေပါအတူပူးပေါင်းပါ၀င်ဖို့အမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေကတိုက်တွန်းသွားမယ်လို့လည်းသမ္မတဂျိုးဘိုင်ဒင်ကကတိပြုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦး၀င်းမြင့်အပါအ၀င်ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊တက်ကြွလှုပ်ရှားသူတွေကိုချက်ခြင်းပြန်လွှတ်ရမယ်၊စစ်တပ်အနေနဲ့အာဏာကိုစွန့်လွှတ်ရမယ်လို့လည်းသမ္မတဂျိုးဘိုင်ဒင်ကထပ်လောင်းပြောဆိုသွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

မြန်မာစစ်ခေါင်းဆောင်တွေကိုအရေးယူတဲ့ သမ္မတအမိန့်သစ် ဂျိုးဘိုင်ဒင် ကြေညာ  မြန်မာစစ်ခေါင်းဆောင်တွေကိုအရေးယူတဲ့ သမ္မတအမိန့်သစ် ဂျိုးဘိုင်ဒင် ကြေညာ Reviewed by THITHTOOLWIN on 06:41 Rating: 5

No comments:

Powered by Blogger.