တပ်မတော် မှ အာဏာသိမ်းကြောင်း ထုတ်ပြန်ကြေညာ


နိုင်ငံတော် အာဏာကို ကာကွယ်ရေးဦးစီးချုပ်က ထိန်းသိမ်းလိုက်ကြောင်း တပ်ပိုင် မြဝတီ သတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။

ရွေးကောက်ပွဲအတွင်း မဲစာရင်း မှားယွင်းမှုများကြောင့် နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားတဲ့ အတွက်ကြောင့် ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံတော် တစ်ဝန်း အရေးပေါ် အခြေအနေ တစ်နှစ်ကြေညာ ခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတ အဖြစ် ခန့်အပ် တာဝန်ပေးထားကြောင်း သတင်းထုတ်ပြန်ပါတယ်။

-----------------------------------

ရန်ကုန်လေဆိပ်အဝင်အထွက်ပိတ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်အထွက်လမ်းတွေကို ဒီကနေ့မနက်ပိုင်းမှာ စတင် ပိတ်ထားပါတယ်။ ပြည်တွင်းပြည်ပ လေယာဥ်ခရီးစဥ်တွေ ဖျက်သိမ်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

BBC Burmese

https://www.bbc.com/burmese/live/burma-55882493

တပ်မတော် မှ အာဏာသိမ်းကြောင်း ထုတ်ပြန်ကြေညာ  တပ်မတော် မှ အာဏာသိမ်းကြောင်း ထုတ်ပြန်ကြေညာ Reviewed by THITHTOOLWIN on 08:46 Rating: 5

No comments:

Powered by Blogger.