ဦးကျော်မိုးထွန်းကို ဝန်ထမ်း အဖြစ်က ထုတ်ပစ်တယ်လို့ ကြေညာ

 

မနေ့က ကုလ အစည်းအဝေးမှာ NLD အစိုးရနဲ့ CRPH ကို ကိုယ်စားပြု ပြောကြားခဲ့တဲ့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို နိုင်ငံကို သစ္စာဖောက်ဖျက်မှု၊ အမြဲတမ်း သံအမတ်ကြီးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုခဲ့မှုအတွက် ဖေဖော်ဝါရီ ၂၇ ရက်က စပြီး ဝန်ထမ်းအဖြစ်က ထုတ်ပစ်ခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

ဦးကျော်မိုးထွန်း ကုလ အစည်းအဝေးတက်ရောက်တဲ့နေ့မှာပဲ စစ်ကောင်စီက အခုအချိန်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းနဲ့ အဲဒီ အမိန့်ကို ချိုးဖောက်ပြီး လက်နက်နဲ့ ဆန္ဒပြတာ၊ ဝန်ထမ်းက အာဏာဖီဆန်တာ၊ နိုင်ငံ ငြိမ်ဝပ်ပိပြားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ ဆောင်ရွက်မှု နှောင့်နှေး ပျက်ပြားအောင်ဆောင်ရွက်မှုတွေ စတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ရင် အဲဒီချိုးဖောက်သူတွေကို နိုင်ငံတည်ငြိမ်ရေးကို ရှေးရှုပြီး အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ အပြစ်ပေးနိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ကြေညာထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ဦးကျော်မိုးထွန်းကို ဝန်ထမ်း အဖြစ်က ထုတ်ပစ်တယ်လို့ ကြေညာ  ဦးကျော်မိုးထွန်းကို ဝန်ထမ်း အဖြစ်က ထုတ်ပစ်တယ်လို့ ကြေညာ Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.