ရွေးကောက်ပွဲကော်မရှင်ကော်မရှင်အသစ်နဲ့ ပါတီ ၅၀ ကျော် တွေ့ဆုံ


ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီ ၅၀ ကျော် ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့ဆုံနေပါတယ်။ ဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း မတက်ရောက်သလို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် ပါတီတချို့မတက်ရောက်ဘူးလို့ အသီးသီးထုတ်ပြန်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိထားပေမယ့် ဒီနေ့ တွေ့ဆုံပွဲမှာတော့ ပါတီ ၅၀ ကျော်ပဲတက်ရောက်တယ်လို့ သိရပါတယ်။ အစည်းအဝေးကို ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာကို ထပ်မံတင်ဆက်ပေးပါမယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ရွေးကောက်ပွဲကော်မရှင်ကော်မရှင်အသစ်နဲ့ ပါတီ ၅၀ ကျော် တွေ့ဆုံ  ရွေးကောက်ပွဲကော်မရှင်ကော်မရှင်အသစ်နဲ့ ပါတီ ၅၀ ကျော် တွေ့ဆုံ Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.