အင်တာနက်တွေ အခုည မှာထပ်ပြီး ပြတ်ဖို့ရှိ


အင်တာနက်တွေ အခုည ဖေဖော်ဝါရီလ ၁၆ ရက်မနက်ပိုင်းမှာ ထပ်ပြီး ပြတ်တောက် ဖို့ရှိတယ်လို့ အကြောင်းကြားလာမှုကိုလက်ခံရခဲ့တယ်လို့ အင်တာနက်ကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက ဘီဘီစီကို အတည်ပြုပါတယ်။

ဘာကြောင့်ထပ်ဖြတ်တယ်ဆိုတာကို သူက တိတိကျကျ မပြောပေမဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁ နာရီကနေ ၉ နာရီ အထိဖြတ်မှာလို့ အကြောင်းကြားတာကို လက်ခံရရှိကြောင်းလည်းပြောပါတယ်။

အခုလို အင်တာနက် ပိတ်ပင်မှုဟာ ဝန်ထမ်းများ အာဏာဖီဆန်ရေး လှုပ်ရှားမှု မအောင်မြင်အောင် ဖမ်းဆီးမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ဖုန်းကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတချို့ဆီကနေ အသုံးပြုသူတချို့ကိုပို့တဲ့ သတိပေး SMS တွေ ရရှိတာမရှိသေးသလို ဖေဖော်ဝါရီလ ၁၄ ရက်ညက လို ထုတ်ပြန်ပြောဆိုတာလည်းမတွေ့ရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56046651

အင်တာနက်တွေ အခုည မှာထပ်ပြီး ပြတ်ဖို့ရှိ  အင်တာနက်တွေ အခုည မှာထပ်ပြီး ပြတ်ဖို့ရှိ Reviewed by THITHTOOLWIN on 22:54 Rating: 5

No comments:

Powered by Blogger.