မြန်မာနိုင်ငံအခြေနေ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အထူးစိုးရိမ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guetterus က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၁၄ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမြို့ကြီးတွေမှာ အင်အားသုံးမှုများပြားလာခြင်းနဲ့ သံချပ်ကာကားတွေ နောက်ထပ် ချထားတဲ့ ကိစ္စတွေ အပါအဝင် မြန်မာနိုင်ငံ အခြေနေနဲ့ပတ်သက်ပြီး များစွာစိုးရိမ်မကင်း ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်ကို အပြည့်အဝလေးစားဖို့နဲ့ ဆန္ဒပြသူတွေ ကို လက်တုန့်ပြန် မနှိမ်နင်းဖို့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တောင်းဆိုလိုက်တာပါ။ လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ နှောက်ယှက်မှု တွေဟာ လက်ခံနိုင်ဖွယ် မရှိဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံရေး ခေါင်းဆောင်တွေ၊ အစိုးရ အရာရှိတွေ၊ အရပ်ဖက် တက်ကြွ လှုပ်ရှားသူတွေနဲ့ မီဒီယာ သမား တွေကို ဆက်လက် ဖမ်းဆီးနေတာ ၊ အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို တားမြစ် ဟန့်တားနေတာတွေဟာ အထူးစိုးရိမ်ဖွယ် ဖြစ်ကြောင်း၊ သတင်းအချက်လက် ရပိုင်ခွင့်အပါအဝင် လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို နှောက်ယှက် ဖျက်ဆီးမှုတွေ မလုပ်ဖို့လည်း ပြောပါတယ်။

မြန်မာပြည်သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့ အတွက် (ကုလသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ တစုတပေါင်းတည်း သော်လည်းကောင်း ၊ မြန်မာနိုင်ငံနဲ့ ၂ နိုင်ငံ သီးသန့် ဆက်သွယ်လို့ သော်လည်းကောင်း ဖိအားပေး ဆောင်ရွက်ကြဖို့လည်း ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေး၊ တရားဥပဒေစိုးမိုးရေး ရရှိဖို့ ကြိုးပမ်းမှုကို ကုလသမဂ္ဂအနေနဲ့ မယိမ်းမယိုင် ထောက်ခံသွားမယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ထပ်မံ ကတိပြုပါတယ်။

အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener ကို မြန်မာနိုင်ငံကို သွားရောက်ခွင့်ပြုပြီး အခြေနေကို ကိုယ်တိုင် အကဲဖြတ် လေ့လာခွင့် အမြန်ဆုံး ပေးဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/ungs-concerns-current-situation-of-burma/5778096.html

မြန်မာနိုင်ငံအခြေနေ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အထူးစိုးရိမ် မြန်မာနိုင်ငံအခြေနေ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အထူးစိုးရိမ် Reviewed by THITHTOOLWIN on 08:59 Rating: 5

No comments:

Powered by Blogger.