အာဏာသိမ်းမှု တရုတ် မဆန့်ကျင်တာကို အမေရိကန် စိုးရိမ်

အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ Jen Psaki

မြန်မာ စစ်တပ် အာဏာသိမ်းမှု အပေါ် တရုတ်က ပွင့်ပွင့်လင်းလင်း မဆန့်ကျင်တာကို အမေရိကန်ဘက်က စိုးရိမ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။

“တရုတ်ဘက်က ပြောဆိုဖို့ ပျက်ကွက်နေပြီး ခိုင်ခိုင်မာမာ ပြောဆို ရပ်တည်မှု မရှိတဲ့ အပေါ်မှာ စိုးရိမ်ပါတယ်” လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ တနလာင်္နေ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ Jen Psaki က ပြောဆိုသွားတာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ်ဘက်က အရပ်သား နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းပြီး အာဏာရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် အစိုးရက သတ်မှတ်ကြေညာထားပြီး စစ်တပ် အာဏာစွန့်ဖို့ ပြောဆိုထားပါတယ်။

မြန်မာ့ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဘက်က အမေရိကန် မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဆိုတာကိုလည်း သုံးသပ် ဆောင်ရွက်နေကြောင်း အိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို တတိယမြောက်နေ့ အဖြစ် တနလာင်္နေ့က မြန်မာနိုင်ငံတဝန်း ဆန္ဒပြပွဲတွေ နောက်ပိုင်းမှာ ငြိမ်းချမ်းစွာ လူထု ဆန္ဒပြပွဲတွေကို သက်ရောက် ထိခိုက်စေနိုင်မယ့် အမိန့်ညွှန်ကြာချက်တွေ အာဏာသိမ်း အဖွဲ့က ထုတ်ခဲ့ပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-coup-china-react-/5770837.html

အာဏာသိမ်းမှု တရုတ် မဆန့်ကျင်တာကို အမေရိကန် စိုးရိမ် အာဏာသိမ်းမှု တရုတ် မဆန့်ကျင်တာကို အမေရိကန် စိုးရိမ် Reviewed by THITHTOOLWIN on 09:27 Rating: 5

No comments:

Powered by Blogger.