ဒေါ်သက်သက်ခိုင်ကို လူကယ်ပြန် ဝန်ကြီးခန့်

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်Image caption: ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ် စစ်အစိုးရက ခန့်အပ်လိုက်တယ်လို့ မြဝတီရုပ်သံက ည ၈ နာရီ သတင်းမှာ ကြေညာပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် နိုင်ငံရေးလောကထဲ ဝင်ရောက်လာတဲ့ ဒေါက်တာဒေါ်သက်သက်ခိုင်ဟာ လွှတ်တော်တွင်းမှာ ဘဏ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ NLD ပါတီက ချမှတ်ထားတဲ့ မူဝါဒလမ်းညွှန်ချက်တွေနဲ့ စည်းကမ်း ချိုးဖောက်တယ်လို့ ဆိုကာ ဒေါ်သက်သက်ခိုင်ကို ပါတီတာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ )ပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်ဟာ ပါတီကနေ ၂၀၁၉ ခုနှစ်က နုတ်ထွက်ခဲ့ပါတယ်။

သူဟာ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဒေါက်တာမေဝင်းမြင့်ကို ရှုံးနိမ့်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ဒေါ်သက်သက်ခိုင်ကို လူကယ်ပြန် ဝန်ကြီးခန့်  ဒေါ်သက်သက်ခိုင်ကို လူကယ်ပြန် ဝန်ကြီးခန့် Reviewed by THITHTOOLWIN on 00:49 Rating: 5

No comments:

Powered by Blogger.