မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူသွားမယ်လို့ သမ္မတဘိုင်ဒန်ပြော


စစ်တပ်က သိမ်းယူခဲ့တဲ့ အာဏာကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှဲပေးဖို့၊ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီကနေ့ ပြောလိုက်ပါတယ်။ 

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး နောက်ထပ် အရေးယူဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်ပြုလုပ်သွားဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ 

အမေရိကန်အနေနနဲ့ တခြားမိတ်ဖက်နိုင်ငံတွေ မဟာမိတ်တွေနဲ့လည်း မြန်မာ့အခြေအနေကို ဆွေးနွေးပြီး အနီးကပ်စောင့်ကြည့်နေတယ်လို့ သူကပြောသွားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူသွားမယ်လို့ သမ္မတဘိုင်ဒန်ပြော မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူသွားမယ်လို့ သမ္မတဘိုင်ဒန်ပြော Reviewed by THITHTOOLWIN on 01:35 Rating: 5

No comments:

Powered by Blogger.