ဧရာဝတီတိုင်း၊ မြောင်းမြမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေကနေ ဖမ်းဆီးခံထားရတဲ့ဒေသခံ (၃)ဦးကို ပြန်လွှတ်ပေးဖို့ မြောင်းမြအကျဉ်းထောင်ရှေ့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေကို လုံခြုံရေးရဲတပ်ဖွဲ့က ရေကားနဲ့ဖြိုခွဲတာ၊ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုဖြိုခွဲမှုကြောင့် ပြည်သူ (၁၀) ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ "ဆရာကို ဖမ်းထားတာကြောင့် ဆရာမတွေကလွှတ်ပေးဖို့ ဆန္ဒပြတယ်။ ဒါကို ရဲကားတွေက လာတယ်။
ပြည်သူတွေက ဝန်းရံဖို့ ထပ်ရောက်လာတယ်။ ဒီတော့ ရဲကို ပြည်သူတွေကို ဝိုင်းထားသလိုဖြစ်သွားတယ်။ ဒီလိုအခြေအနေတွေကြောင့် ပစ်ခတ်ဖြိုခွဲတယ်။ ရဲကား ၄စီးလောက်ပါပြီး ရဲကပဲ ပစ်တာပါ။ စစ်တပ်က လမ်းထိပ်မှာပဲ ရှိနေတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။
အခုလို အကြမ်းဖက်မှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေကို ပရဟိတဆေးခန်းမှာ ဆေးကုသပေးတယ်လို့ သိရပါတယ်။
BBC Burmese
No comments:
Post a Comment