မြန်မာလူထု ဒီမိုကရေစီလှုပ်ရှားမှု ပြင်သစ်ထောက်ခံ |
မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေးနဲ့ တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုတွေကို ပြင်သစ်နိုင်ငံက ဆက်လက်ထောက်ခံကူညီမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နစ်ကေးအေးရှား သတင်းဌာနရဲ့ မြန်မာစံချိန် အင်္ဂါနေ့မနက် ၂:၁၅ နာရီ ဖြန့်ဝေတဲ့သတင်းမှာ ပြင်သစ်အစိုးရအနေနဲ့ ဒီကိစ္စအတွက် ဥရောပနိုင်ငံတွေ၊ တခြား နိုင်ငံတကာမိတ်ဆွေတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားကြောင်း ဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ မြန်မာပြည်တဝန်းက မြို့အများအပြားမှာ သံချပ်ကာ စစ်ကားတွေ ချထားမှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွဲမှု စသဖြင့် မြန်မာပြည်ရဲ့အခြေအနေ တနေ့တခြား ယိုယွင်းလာနေမှုအတွက် ပြင်သစ်နိုင်ငံက အထူးစိုးရိမ်ကြောင်းနဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှုတွေကို ရပ်ဆိုင်းပြီး မူလအတိုင်း ပြန်လည်ပြုလုပ်ပေးဖို့လည်း သက်ဆိုင်ရာတွေကို တောင်းဆိုထားပါတယ်။
RFA Burmese
No comments:
Post a Comment