မွန်ညီညွတ်ရေးပါတီကနေ ဒေါက်တာအောင်နိုင်ဦး နုတ်ထွက်စာတင်


၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီကနေ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင် အနိုင်ရခဲ့သူ ဒေါက်တာအောင်နိုင်ဦးဟာ မွန်ညီညွတ်ရေးပါတီကနေ နုတ်ထွက်လိုက်ကြောင်း သိရပါတယ်။

မွန်ညီညွတ်ရေးပါတီက နိုလယီတမကို စစ်ကောင်စီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ပြီးနောက်တစ်ရက်မှာ ခုလို နုတ်ထွက်တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီကျော်လောက်က မွန်ဘာသာစကားနဲ့ ပို့စ်တစ်ခုတင်ထားပြီး အဲဒီပို့စ်အောက်မှာ ပါတီကနေနုတ်ထွက်တဲ့အပေါ် ဝင်ရောက်မှတ်ချက်ပြုရေးသားထားတာတွေကိုလည်းတွေ့ရပါတယ်။

ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ သုံးကြိမ်လုံး အနိုင်ရထားသူဖြစ်ပါတယ်။ လက်ရှိမှာ မွန်ညီညွတ်ရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင်တာဝန်ယူထားသူဖြစ်ပါတယ်။ ဒေါက်တာအောင်နိုင်ဦးဟာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ မွန်ပါတီသုံးခုပေါင်းစည်းထားတဲ့ပါတီလည်းဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မွန်ညီညွတ်ရေးပါတီကနေ ဒေါက်တာအောင်နိုင်ဦး နုတ်ထွက်စာတင်  မွန်ညီညွတ်ရေးပါတီကနေ ဒေါက်တာအောင်နိုင်ဦး နုတ်ထွက်စာတင် Reviewed by THITHTOOLWIN on 18:33 Rating: 5

No comments:

Powered by Blogger.