နိုင်ငံတော်ပုန်ကန်မှုနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မတွေကို ပြင်ဆင်တဲ့ ဥပဒေတွေကို အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်နဲ့ ဖေဖော်ဝါရီ ၁၄ ရက် တနင်္ဂနွေနေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ "ပုဒ်မ ၁၂၁" မှာ မူလပြဌာန်းထားချက်အရ… နိုင်ငံတော်ကို စစ်မက်ပြုတာ အပါအဝင် နိုင်ငံတော်ရဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို ဖြိုဖျက်ဖို့ လက်နက်ကိုင်သောင်းကျန်းတာတွေကို "နိုင်ငံတော်သစ္စာဖောက် ပုန်ကန်မှု" အဖြစ် ဖွင့်ဆိုထားတာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်နဲ့ အခုထုတ်ပြန်ချက်အရ… အစိုးရ လုပ်ငန်းအဖွဲ့အစည်းတွေကို ဖြိုဖျက်ဖို့ အားထုတ်၊ လှုံ့ဆော်တာ၊ ပူးပေါင်းကြံစည်တာ မှန်သမျှ နိုင်ငံတော်ပုန်ကန်မှု မြောက်တယ်… ဆိုပြီး ပုဒ်မ ၁၂၁ မှာ ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။ ဖြည့်စွက်လိုက်တဲ့စာသားကတော့ ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသည့် လုပ်ရပ်တစ်ခုခုဖြင့်ဖြစ်စေ၊ သို့တည်းမဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ဖြစ်စေ"
"or prepare to alter unconstitutional means or any other means"
ပုဒ်မ ၁၂၄ (က) မှာ ဖြည့်စွက်လိုက်တာကတော့… တပ်မတော်ကိုဖြစ်စေ၊ တပ်မတော်အဖွဲ့ဝင်များကို ဖြစ်စေ မုန်းထားအောင်၊ မလေးစားအောင် ပြုလုပ်ရင်လည်း "နိုင်ငံတော်အကြည်ညိုပျက်စေမှု" မြောက်တယ်ဆိုပြီး ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
ပုဒ်မ ၁၂၄ (ဂ) နဲ့ (ဃ) မှာတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော် ဝန်ထမ်းတွေကို နှောင့်ယှက်၊ နှောင့်နှေးစေရင် ထောင်ဒဏ်တွေ ချမှတ်နိုင်ကြောင်း ဖြည့်စွက်ထားပါတယ်။
ဒါ့ပြင် ပုဒ်မ ၅၀၅ ရဲ့နောက်မှာ ပုဒ်မ "၅၀၅ က" ဆိုပြီးတော့ နောက်ထပ် ပုဒ်မခွဲတစ်ခု ထပ်တိုးလိုက်ပါတယ်။
အဲဒီပုဒ်မအရ ဘယ်သူမဆို အများပြည်သူကြောက်ရွံ့အောင် ကြံရွယ်တာ၊ သတင်းအမှားဖြန့်ဝေတာ ဒါမှမဟုတ် ဖြန့်ဖို့ကြံစည်တာ၊ အစိုးရဝန်ထမ်းတွေအပေါ် ပြစ်မှုကျူးလွန်တာ ကျူးလွန်ဖို့ကြံစည်တာ ဒါမှမဟုတ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ထိပ်လန့်စေတာတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/amry-amend-treason-sedition-articles-02142021181808.html
No comments:
Post a Comment