ဖေဖော်ဝါရီ ၂၆ ရက် ဒီမနက်ပိုင်းမှာ မြေနီကုန်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို အင်အားသုံးဖြိုခွဲရာမှာ ဆေးတက္ကသိုလ် (၂) နောက်ဆုံးနှစ် အပိုင်း (က) ကျောင်းသား တဦး ဖမ်းဆီးခံရပါတယ်။ အဲဒီ ကျောင်းသားဟာ လက်ရှိမှာ မြေနီကုန်း အချုပ်ကားပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။ "
ရှေ့နေကိုလည်း ပြောပြီးပြီ၊ သူ့အိမ်ကလည်း သူ့အဖေကလည်း လိုက်နေတယ်ဗျ၊ ကျွန်တော်တို့လည်း အခု မြေနီကုန်းကို သွားနေတယ်။ မြေနီကုန်းကနေ တခြားနေရာမရွှေ့ခင် သေချာပြန်ရအောင် မီနိုင်အောင်လုပ်နေတယ်" လို့ ဆေး ၂ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဥဂ္ဂါမြတ်က ဘီဘီစီကို ပြောပါတယ်။
BBC Burmese
မြေနီကုန်းမှာ ဖမ်းဆီးခံရတဲ့ ဆေးတက္ကသိုလ်ကျောင်းသားအတွက် ရှေ့နေတွေပါ လိုက်ပါဆောင်ရွက်နေ
Reviewed by THITHTOOLWIN
on
20:07
Rating:

No comments:
Post a Comment