ရန်ကုန်မြို့ထဲ တင့်ကားတွေလှည့်နေ

တင့်ကားတွေလှည့်လည်စဉ်

ရန်ကုန်မြို့လယ်မှာ အခုညပိုင်းမှာ စစ်ကားတွေ ဝင်လာတာကို တွေ့ရတယ်လို့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ မနေ့ညကတော့ ရပ်ကွက်တွေထဲ လူစိမ်းတွေ ဝင်ရောက်လာတဲ့အတွက် လူတွေ ထိတ်လန့်ခဲ့ကြရပြီး လက်နက်တွေနဲ့အတူ ဖမ်းဆီးမိထားသူတွေလည်း ရှိခဲ့ပါတယ်။

စစ်ကား၊ ရဲကား၊ အချုပ်ကား၊ ရေကားတွေအပြင် တင့်ကားတွေလည်း ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးအတွက် ဆောင်ရွက်နေတယ်လို့ အသံချဲ့စက်နဲ့ အော်သွားတယ်လို့ သိရပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှာလည်း တင့်ကား၊ ရဲကား၊ စစ်ကားပါတဲ့ ကားတန်းကြီး ပြီးခဲ့တဲ့နာရီပိုင်းက လှည့်သွားတယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အခြားတိုင်းဒေသကြီးတွေမှာလည်း လုံခြုံရေး ဆောင်ရွှက်တယ် ဆိုပြီး တင့်ကားတွေနဲ့ လှည့်နေကြောင်းလည်း ဒေသခံတွေကပြောကြပါတယ်။

ဘဏ်ဝန်ထမ်းတွေကို လိုက်ဖမ်းတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေပြီး တချို့နေရာတွေမှာ ရပ်ကွက်က ကင်းစောင့်နေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56046651

ရန်ကုန်မြို့ထဲ တင့်ကားတွေလှည့်နေ  ရန်ကုန်မြို့ထဲ တင့်ကားတွေလှည့်နေ Reviewed by THITHTOOLWIN on 03:29 Rating: 5

No comments:

Powered by Blogger.