မြန်မာ့ဒီမိုကရေစီရေးဆုတ်ယုတ်မှု ကန်အထူးစိုးရိမ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken။

မြန်မာနိုင်ငံအခြေအနေအပေါ် စိုးရိမ်မိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ဒီကနေ့ ထပ်ပြီးပြောပါတယ်။

"ရှင်ကျန်းဒေသမှာ ရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်ရင်ပဲဖြစ်ဖြစ်၊ ဟောင်ကောင်မှာ အခြေခံအခွင့်အရေးတွေ ခြိမ်းခြောက်ခံရရင်ပဲဖြစ်ဖြစ် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောဆိုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြန်ပြီး ယုတ်လျော့ကျဆင်းသွားတဲ့အပေါ် ကျနော်တို့ အထူးပဲ စိုးရိမ်မိပါတယ်။" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကပြောပါတယ်။

"လူ့အခွင့်အရေးကောင်စီရဲ့ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်သက်တမ်းအတွက် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက ဝင်ရောက်အရွေးချယ်ခံမယ့်အကြောင်း ကျနော် ဝမ်းမြောက်စွာကြေညာပါတယ်။ ဒီကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုပြန်ဖြစ်လာရေး ကျနော်တို့ရဲ့ ကြိုးပမ်းမှုကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံကြဖို့ ကျနော်တို့ ပန်ကြားပါတယ်။" လို့ ဝန်ကြီး Blinken ကပြောပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်လက်ထက် လွန်ခဲ့တဲ့ ၃ နှစ်မှာ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်က နုတ်ထွက်ခဲ့တာပါ။

လူ့အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်တဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ထားတဲ့ ဗင်နီဇွဲလား၊ နီကွာရာဂါ၊ ကျူးဘားနဲ့ အီရန်လိုနိုင်ငံတွေ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ရှိမနေသင့်ဘူးလို့ ဝန်ကြီး Blinken က ဝေဖန်ပြောဆိုသွားပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို အကျဉ်းချထားတာနဲ့ ရှင်ကျန်းပြည်နယ်က ဝီဝါမွတ်ဆလင်တွေအပေါ် တရုတ်အစိုးရရဲ့ ပြုမူပုံတွေနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီး Blinken က ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-wants-to-reengage-with-human-rights-council/5790764.html

မြန်မာ့ဒီမိုကရေစီရေးဆုတ်ယုတ်မှု ကန်အထူးစိုးရိမ် မြန်မာ့ဒီမိုကရေစီရေးဆုတ်ယုတ်မှု ကန်အထူးစိုးရိမ် Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.