မော်လမြိုင်က ထွက်မယ့်ရထားကို ပြည်သူတွေ လမ်းပိတ် ဆန္ဒပြ၊ ရထားဆက်မထွက်တော့ဘဲ ဘူတာကိုပြန်ဝင်


မော်လမြိုင်ကနေ ရန်ကုန်ကို ဒီအင်္ဂါမနက်မှာ ထွက်ခွာလာမယ့် ရထားကို ပြည်သူတွေက လမ်းပိတ်ပြီး ဆန္ဒပြခဲ့ကြတာကြောင့် ယခုအခါ ရထားမှာ ဘူတာအတွင်း ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။

ဝန်ထမ်းတွေကို အာဏာပိုင်တွေက ညတည်းက ဖိအားပေးပြီး ရထားကိုအတင်းထွက်ခိုင်းနေတယ်လို့ သတင်းပေးပို့လာတာကြောင့်ဒီမနက်မှာ ပြည်သူတွေက သွားရောက်ဝန်းရံပြီး ရထားထွက်မရအောင် ပိတ်ဆို့ဆန္ဒပြခဲ့တာဖြစ်တယ်လို့ အဲဒီဆန္ဒပြပွဲမှာ ဝန်းရံသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ရထားကို ဘယ်သူမောင်းလာတယ်ဆိုတာကိုတော့ မသိရသလို ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လောက် လုံခြုံရေးယူထားတာကိုလည်းတွေ့ရတယ်လို့ သူကူဆိုပါတယ်။ အဲဒီလို ပိတ်ဆို့ထားတာကြောင့်ရထားဟာ နောက်ဆုံးမနက် ၁၁ နာရီခန့်မှာ ဘူတာကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်အစိုးရရဲ့ ယန္တရားတွေ ရပ်ဆိုင်းသွားဖို့ဆိုပြီး ရုံးမတက်အာခံတဲ့ဖီဆန်မှုကို လှုပ်ရှားနေတဲ့ ရန်ကုန်ကမြန်မာ့မီးရထားဝန်ထမ်းတွေ CDM လုပ်နေတာကြောင့် ရန်ကုန်ကနေ ရထားတွေ ထွက်ခွာခြင်းမရှိတော့သလို မီးရထားဝင်းထဲက CDM လုပ်သူဝန်ထမ်းတွေကိုအာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်တားဆီးခဲ့ကြတာလည်း ရှိထားပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56046651

မော်လမြိုင်က ထွက်မယ့်ရထားကို ပြည်သူတွေ လမ်းပိတ် ဆန္ဒပြ၊ ရထားဆက်မထွက်တော့ဘဲ ဘူတာကိုပြန်ဝင် မော်လမြိုင်က ထွက်မယ့်ရထားကို ပြည်သူတွေ လမ်းပိတ် ဆန္ဒပြ၊ ရထားဆက်မထွက်တော့ဘဲ ဘူတာကိုပြန်ဝင် Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.