တနင်္လာနေ့ မနက် ၄ နာရီ ကျော်စ လှည်းတန်း လမ်းဆုံအနီး မြင်ကွင်း



စျေးဆိုင်နဲ့ ဆူပါမားကတ်တွေပါ ပိတ်ထားပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ရှိတဲ့ ၂၂.၂.၂၀၂၁ မနက် အစောပိုင်း လှည်းတန်း လမ်းဆုံ အနီး မြင်ကွင်းပါ။

တချို့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေတိုးချထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဆန္ဒပြသူတွေ အများဆုံး လာရောက်စုဝေးလေ့ရှိနေရာတစ်ခုဖြစ်တဲ့ ဒီနေရာမှာတော့ မနက် ၄ နာရီကျော်စ အချိန်မှာ ရှင်းလင်းနေပါတယ်။

ဒီမိုကရေစီနည်းအရ ဥပဒေနဲ့အညီ ဆန္ဒပြနိုင်ပေမဲ့ ဥပဒေမဲ့ခြိမ်းခြောက်အကျပ်ကိုင်မှု၊ အကြမ်းဖက်မှုရှိရင်တော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက မြန်မာ့ရုပ်မြင်သံကြားကနေ မနေ့ညက သတိပေးကြေညာထားပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

တနင်္လာနေ့ မနက် ၄ နာရီ ကျော်စ လှည်းတန်း လမ်းဆုံအနီး မြင်ကွင်း  တနင်္လာနေ့ မနက် ၄ နာရီ ကျော်စ လှည်းတန်း လမ်းဆုံအနီး မြင်ကွင်း Reviewed by THITHTOOLWIN on 08:19 Rating: 5

No comments:

Powered by Blogger.