ထားဝယ်မြို့မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဆွေမျိုးအချို့ကို နေရာရွှေ့ပြောင်းထားတယ်လို့ သတင်းတွေထွက်ပေါ်
ဆန္ဒပြသူတွေအနေနဲ့ အကြမ်းဖက်လုပ်ဆောင်မှာမဟုတ်လို့ ဆို |
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာရှိတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆွေမျိုးအချို့ကို နေရာရွှေ့ပြောင်းထားတယ်လို့ ဖေဖော်ဝါရီ ၇ရက်ကစပြီး ဒေသခံတွေအကြား သတင်းတွေပျံ့နှံ့နေပါတယ်။
" နဂိုက ထားဝယ်မြို့ထဲမှာ နေတဲ့ သူ့ဘက်က အမျိုးတွေကို စစ်တပ်ထဲရွှေ့လိုက်တာပါ။ ဒီသတင်းက ၅ရက်နေ့ထဲက ကြားရပေမယ့် မနေ့ကမှ သတင်းသေချာသိရတာပါ။ confirmပါတယ်"လို့ထားဝယ်မြို့နယ်တွင်းလှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ ကိုဇင်မောင်ဖြိုးက ပြောပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်းလှုပ်ရှားရေးဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ အကြမ်းဖက်ဖိအားပေး လုပ်ဆောင်သွားမှာမဟုတ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းအဆုံးထိ ဆန့်ကျင်တော်လှန်မယ်လို့ လှုပ်ရှားမှု ဦးဆောင်သူ ကိုဇင်မောင်ဖြိုးက ပြောပါတယ်။ ဖေဖော်ဝါရီ ၈ရက်မှာတော့ ထားဝယ်မြို့တွင်း ဆန္ဒပြသူ ၂သိန်းကျော်ရှိပြီး ဌာနအသီးသီးကဝန်ထမ်းတွေပါ သိသိသာသာ ပူးပေါင်းလာတယ်လို့ ဆိုပါတယ်။
ပုံ - ဖေဖော်ဝါရီ ၈ ရက် ထားဝယ်မြို့တွင်းမြင်ကွင်းများ
BBC Burmese
No comments:
Post a Comment