မြန်မာနိုင်ငံက ဖုန်းကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတွေက ပေးနေတဲ့ အင်တာနက် ဝန်ဆောင်မှု အပါအဝင် အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်း Internet Service Provider (ISP) တွေ အနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက် တနင်္လာနေ့ မနက် ၁ နာရီကနေ မနက် ၉ နာရီ အထိ အင်တာနက် ဝန်ဆောင်မှုတွေ ယာယီ ပိတ်ပင်ထားဖို့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ရတယ်လို့ အင်တာနက်ကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက ဘီဘီစီကို အတည်ပြုပါတယ်။
ဒီလို ဖြတ်တောက်မယ့်စာကို ပြီးခဲ့တဲ့ နာရီပိုင်းက ရထားကြောင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းတွေ ထွက်ပေါ်နေရာမှာ တယ်လီနော အပါအဝင် ဖုန်းကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတချို့ဆီကနေ အသုံးပြုသူတချို့က ဒီအခြေအနေအတွက် သတိပေး SMS တွေ ရရှိလာတယ်လို့ ဆိုပါတယ်။
တယ်လီနော အင်္ဂလိပ်ပိုင်း ဝက်ဆိုဒ်မှာဆိုရင်လည်း ဒီလို အာဏာပိုင်တွေဆီက ရရှိတဲ့ ညွန်ကြားချက်ကို အသေးစိတ်ဖော်ပြထားပါတယ်။
ဖေ့ဘွတ်ခ်ကို ပိတ်ပင်ထားမှုကိုလည်း ဖေဖော်ဝါရီလ ၂၁ ရက် ည ၁၁;၅၉မိနစ်အထိ ဆက်လုပ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ဖေ့စ်ဘွတ်မှာ ဆက်လက် ထွက်ပေါ်နေပြီး အခုလို အင်တာနက် ပိတ်ပင်မှုဟာ တနင်္လာနေ့ ဝန်ထမ်းများ အာဏာဖီဆန်ရေး လှုပ်ရှားမှု မအောင်မြင်အောင် ဖမ်းဆီးမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။
BBC Burmese
No comments:
Post a Comment