ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့်

သတင်း တိုက်ရိုက် ပေးပို့ချက်

 အာဏာသိမ်း တပ်မတော်ဟာ ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့်အပ်လိုက်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံခြား‌ရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ကို ခန့်အပ်ခဲ့ပြီးတော့ ဝန်ကြီးအသစ်တွေကို ခန့်အပ်တာလည်း‌့ရ့ရပါတယ်။

    ဒီနေ့ ည ၈နာရီသတင်း မှာကြေညာချက်ထုတ်ပြန်ပြီး ခန့်အပ်လိုက်တဲ့ ဝန်ကြီးသစ်တွေကတေ့

    နိုင်ငံခြားရေး- ဦးဝဏ္ဏမောင်လွင်

    ဗိုလ်ချုပ် မြထွန်းဦး- ကာကွယ်ရေး

    ဗိုလ်ချုပ် ထွန်းထွန်းနောင်- နယ်စပ်ရေးရာ

    ဥိးဝင်းရှိန်- စီမံ/ဘဏ္ဏာ

    ဦးအောင်နိုင်ဦး- ရင်းနှီးမြှပ်နှံမှု

    ဥိးကိုကိုလှိုင်-အပြည်ပြည်ဆိုင်ရာပူးပေါင်းဆက်ဆံရေး

    ဥိးချစ်နိုင်- ပြန်ကြားရေး

    ဦးကိုကို- သာသနာရေး/ယဉ်ကျေးမှု

    ဦးမြင့်ကြိုင်- အလုပ်သမား

    ဒေါက်တာသက်ခိုင်ဝင်း- ကျန်းမာရေး တို့ဖြစ်ကြပါတယ်။

    အခုခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေ အများစုဟာ တပ်မတော် အရာရှိကြီးတွေ အရာရှိဟောင်းတွေ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အရင်အစိုးရလက်ထက်က အဆင့်မြင့်အရာရှိတွေပါဝင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်က လက်မှက်ထိုးပြီး ဝန်ကြီးဌာန ၁၁ နေရာက ဝန်ကြီးသစ်တွေခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့် ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့် Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.