နေပြည်တော်မှာလူ ၆၀ကျော်နဲ့ မန္တလေးမှာ ၂၉ ဦးဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

မန္တလေး ဘဏ် ၁ ရှေ့မှာ လူ ၂၀ ကျော်ဖမ်း


နေပြည်တော်မှာ အစိုးရဝန်ထမ်းအချို့အပါအဝင် လူ၆၀ ကျော်နဲ့ မန္တလေး ဘဏ် ၁ ရှေ့က လူ ၂၀ အပါအဝင် စုစုပေါင်း ၂၉ ဦးကို ဆူပူဆန္ဒပြမှုများနဲ့ ဆက်စပ်ပြီး ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အဲ့ဒီအထဲမှာ နေပြည်တော် ၂၇ ဦးကိုတော့ စစ်ဆေးမှုတွေပြုလုပ်ပြီးပြန်လွှတ်ပေးခဲတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အခုဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ နေရာတွေမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့မြို့နယ်တွေဖြစ်ပြီး အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူတွေကို လုပ်ထုံး လုပ်နည်းတွေနဲ့အအညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56046651

နေပြည်တော်မှာလူ ၆၀ကျော်နဲ့ မန္တလေးမှာ ၂၉ ဦးဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန် နေပြည်တော်မှာလူ ၆၀ကျော်နဲ့ မန္တလေးမှာ ၂၉ ဦးဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန် Reviewed by THITHTOOLWIN on 00:18 Rating: 5

No comments:

Powered by Blogger.