အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ပစ်ခတ်ဖြိုခွဲလို့ သေဆုံးသူတွေရှိ

 

အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ပစ်ခတ်ဖြိုခွဲလို့ သေဆုံးသူတွေရှိ

အာရှနွေဦးတော်လှန်ရေးလို့ သတ်မှတ်ပြီး မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေပါ အာဏာရှင်ဆန့်ကျင်ရေး အင်နဲ့အားနဲ့ ဆန္ဒပြမယ်လို့ စီစဉ်ထားတဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက်မှာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်သူတွေကို သေနတ်ကျည်၊ ရာဘာကျည်၊ မီးခိုးဗုံး၊ အသံမိုင်းတွေ၊ လေးခွတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ 

ရန်ကုန်မြို့ လှည်းတန်းမှာ ဆန္ဒပြနေတဲ့ ပြည်သူတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာကို RFA က မျက်မြင်တွေ့ခဲ့ရပါတယ်။ 

လှည်းတန်းဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွဲမှုကြောင့် ငါးဦးထက်မနည်း သေနတ်ကျည်ထိမှန်ပြီး သေဆုံးသူတွေလည်း ရှိပါတယ်။

 ရန်ကုန်မြို့က ဆန္ဒပြသူတွေ အဓိကစုဝေးရာဖြစ်တဲ့ မြေနီကုန်း၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမှာလည်း မနက်ပိုင်းကတည်းက မီးခိုးဗုံးနဲ့ ပစ်ခတ်သလို အင်းစိန်မြို့နယ် ရွာမကျောင်းထိပ်မှာ မီးခိုးဗုံးသုံးဗျောက်တွေ ပစ်ခတ်ခဲ့ပြီး ဆင်ရေတွင်းမှတ်တိုင်နားမှာ မိန်းကလေးအများစု ဖမ်းဆီးခံခဲ့ရပါတယ်။ 

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ တပ်နဲ့ ရဲတပ်ဖွဲ့က သပိတ်စစ်ကြောင်းကို ကျည်အစစ်နဲ့ အကြမ်းဖက်ဖြိုခွဲတာကြောင့် ၃ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ဦးနဲ့ ဖမ်းဆီးခံရသူ ၃၀ ဦး ရှိပါတယ်။

မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ပုသိမ်၊  မကွေး၊ မြိတ်၊ လားရှိုး အစရှိတဲ့မြို့တွေမှာလည်း ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲံ နည်းမျိုးစုံနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ 

အနယ်နယ်အရပ်ရပ်မှာ ဆန္ဒပြသူတွေ ဖမ်းဆီးခံနေရသလို ဒဏ်ရာရသူ သေဆုံးသူတွေ ရှိနေပါတယ်။ 

အရေအတွက်ကိုတော့ RFA က အတိအကျ အတည်မပြုနိုင်သေးပါဘူး။ ဆန္ဒပြသူတွေက လူစုခွဲခံရပေမယ့်  လူတွေပြန်လည်စုဝေးတာ၊ ရဲတွေမဝင်နိုင်အောင် လမ်းတွေကို တားထားပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေကြပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနေ့က တစ်ရက်တည်းမှာတင် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့သူ ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ 




RFA Burmese

https://www.facebook.com/rfaburmese

အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ပစ်ခတ်ဖြိုခွဲလို့ သေဆုံးသူတွေရှိ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ပစ်ခတ်ဖြိုခွဲလို့ သေဆုံးသူတွေရှိ Reviewed by THITHTOOLWIN on 12:13 Rating: 5

No comments:

Powered by Blogger.