မန္တလေးမြို့မှာ နေရာအနှံ့နီးပါး ဆန္ဒပြမှုတွေ ရှိခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက မနက် ၈နာရီ ကတည်းက စစ်ကား၊ရေကား၊ အချုပ်ကားတွေနဲ့ မြို့တွင်း လှည့်လည်နေခဲ့ကြပါတယ်။
အဲဒီနောက် ဆန္ဒပြစုရပ်နေရာတွေကို ဖမ်းဆီး၊ ပစ်ခတ်လူစုခွဲတာတွေပြုလုပ်ခဲ့ပါတယ်။
နေ့လယ် ၁၂ နာရီ နောက်ပိုင်းမှာ ပစ်ခတ်လူစုခွဲပြီးနောက် ၈၅ လမ်းနဲ့ ၈၇ လမ်းကြား၊ ၃၅ လမ်း မြတောင်တိုက်ရှေ့နဲ့ ၃၈ လမ်းနဲ့ ၄၂ လမ်းကြား၊ ၆၂ လမ်းတို့မှာ ဆန္ဒပြသူတွေအပြင် လမ်းဘေးမှာ ရပ်နေသူတွေ တချို့ကိုပါ အချုပ်ကားနဲ့ ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေ အချုပ်ကား အပြည့်ရှိတာတွေ့ရပြီး ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese/live/burma-56140135
မန္တလေး ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ
Reviewed by THITHTOOLWIN
on
20:05
Rating:

No comments:
Post a Comment