မန္တလေးမှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြပွဲတွေအားကောင်းဆဲ


မနေ့ကဖေဖော်ဝါရီ ၂၁ရက်နေ့က မန္တလေးမြို့ရတနာပုံသင်္ဘောကျင်းကနေ သင်္ဘောမထွက်ရေး စုဝေးရောက်ရှိခဲ့တဲ့ လူအုပ်ကို ရဲနဲ့တပ်ပူးပေါင်းလုံခြုံရေးအဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေ​ကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့်လည်း ဆန္ဒပြပွဲတွေ ပိုမိုအားကောင်းနေဆဲဖြစ်တယ်လို့ မန္တလေး မြို့ခံတွေကပြောပါတယ်။

လူအနည်းဆုံးနှစ်ဦးသေဆုံးထားပြီး လူ ၃၀ ကျော် ဖမ်းဆီးခံထားရသလို ဖမ်းခံရသူတွေထဲမှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေတဲ့ မနေ့က မန္တလေးရတနာပုံသင်္ဘောကျင်းမှာ ပစ်ခတ်လူစုခွဲမှုတွေဖြစ်ပွားထားပေမယ့် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေက အရှိန်မြင့်တက်နေဆဲဖြစ်ပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56091207

မန္တလေးမှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြပွဲတွေအားကောင်းဆဲ  မန္တလေးမှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြပွဲတွေအားကောင်းဆဲ Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.