စစ်တွေမြို့ကကျောင်းတွေကို ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းမှူးတို့ လှည့်လည်စစ်ဆေး



ရခိုင်ပြည်နယ် အတွင်းက အခြေခံပညာကျောင်းတွေကို ဒီကနေ့မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီးမြို့တော် စစ်တွေကကျောင်းတွေကို ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လင်းဦးတို့က လှည့်လည် စစ်ဆေးခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီး ၂၂ ရက်အကြာမှာ ရခိုင်ပြည်နယ် အတွင်းက အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ဖို့အတွက် ညွှန်ကြားထားတာပါတယ်။ဖေဖော်ဝါရီ ၂၂ ရက် ဒီကနေ့မှာ ဆရာဆရာမတွေနဲ့ ပညာရေးဝန်ထမ်းအားလုံးသက်ဆိုင်ရာကျောင်းတွေမှာ စတင်တာဝန်ထမ်းဆောင်နေကြရပြီဖြစ်ပေမယ့် ကျောင်းသားလက်ခံတာတွေတော့မရှိသေးပါဘူး။လက်ရှိမှာလည်း အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာမှာ CDM လှုပ်ရှားမှုတွေ ပြုလုပ်နေကြပြီး အဲ့ဒီလှုပ်ရှားမှုတွေမှာ ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်လာနေကြတာပါ။ရခိုင်ပြည်နယ်အတွင်းမှာလည်း မြို့နယ်တချို့မှာ CDM လှုပ်ရှားတာတွေရှိနေတဲ့အတွက် ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားလူငယ်တွေပါဝင်လှုပ်ရှားတာတွေလည်းရှိနေပါတယ်။အခုလို တစ်နိုင်ငံလုံးစစ်အာဏာသိမ်းမှု ဆန့်ကျင်နေကြတဲ့အချိန်မှာ ရခိုင်ပြည်နယ်တစ်ခုတည်းကကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဆိုပြီး ပညာရေးဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ကြဖို့နဲ့ ကျောင်းတွေမှာ ကြိုတင်ပြင်ဆင်စရာတွေပြင်ဆင်ထားကြဖို့ ညွှန်ကြားထားတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာ ဖွင့်လှစ်ခဲ့တဲ့ကျောင်းတွေမှာ လာရောက်တာဝန်ထမ်းဆောင်ခြင်းမရှိတဲ့ ဝန်ထမ်းတွေရှိနေပါက အစီရင်ခံတင်ပြရမယ်လို့ ညွှန်ကြားချက်မှာပါရှိပါတယ်။စစ်တွေမြို့ပေါ်ကကျောင်းတွေမှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က စောင့်ဆိုင်းနေကြတာလည်းဖြစ်ပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

စစ်တွေမြို့ကကျောင်းတွေကို ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းမှူးတို့ လှည့်လည်စစ်ဆေး  စစ်တွေမြို့ကကျောင်းတွေကို ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းမှူးတို့ လှည့်လည်စစ်ဆေး Reviewed by THITHTOOLWIN on 19:01 Rating: 5

No comments:

Powered by Blogger.