ရခိုင်၀န်ကြီးချုပ်လည်း အဖမ်းခံရ

ရခိုင်၀န်ကြီးချုပ် ဦးညီပုကို နေအိမ်ကနေ စစ်တပ်က လာခေါ်သွား

ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း ၁၀ နာရီခွဲ ၀န်းကျင်မှာ နေအိမ်ကနေစစ်တပ်က လာခေါ် သွားတယ်လို့ အတူ နေထိုင်တဲ့ မိသားစု၀င်တွေက ဘီဘီစီကို အတည်ပြု ပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ နေနေရတဲ့ NLDပါတီ၀င် ထိပ်တန်းခေါင်းဆောင်တချို့နဲ့ ဒေသန္တရ ၀န်ကြီးချုပ်တွေကို စစ်တပ်က တကျော့ပြန် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

စစ်ပျောက်ကြား ၀တ်စုံ၀တ်ဆင်ထားသူတွေ အပါအ၀င် လုံခြုံရေး တပ်ဖွဲ့၀င် အများအပြား ရောက်လာပြီး ဦးညီပုကို ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ အခင်းဖြစ်စဥ် အတူရှိနေတဲ့ မိသားစု၀င် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို ရခိုင် ၀န်ကြီးချုပ်တင်မက၊ တစ်ရက်တည်းမှာပဲ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်တွေလည်း နေအိမ်တွေကနေ အသီးသီး ခေါ်ဆောင်သွားခံရတဲ့ အကြောင်း အတည်ပြုထားနိုင်ပါတယ်။

ဒါ့အပြင်၊NLD ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့လည်း ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီး ခေါ်ဆောင်သွားခံရကြောင်း NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဝဏ္ဏက ပြောပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-55990515

ရခိုင်၀န်ကြီးချုပ်လည်း အဖမ်းခံရ  ရခိုင်၀န်ကြီးချုပ်လည်း အဖမ်းခံရ Reviewed by THITHTOOLWIN on 01:37 Rating: 5

No comments:

Powered by Blogger.