“ စွဲဆိုချက် အားလုံးကို ရုပ်သိမ်းပြီး သူမကို လွှတ်ပေးဖို့ တောင်းဆိုကြောင်း" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ လူထုကို ငြိမ်းချမ်းစွာ ဆန္ဒမပြနိုင်အောင် လုပ်နေတာတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး ချုပ်နှောင်နေပြီး လူထုရဲ့ ဒီမိုကရေစီ စိတ်ဆန္ဒတွေကို ဖျက်စီးနေတဲ့ လက်ရှိ မြန်မာ့ အခင်းအကျင်းကို ကုလသမဂ္ဂက ပြတ်ပြတ်သားသား ဆန့်ကျင် ရှုတ်ချကြောင်းလည်း ပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက မိုလ်ဘိုင်းဆက်သွယ်ရေး လုပ်ငန်းတွေကို ပေးပို့ထားတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းရဲ့ ရိုက်ခတ်သက်ရောက်မှုတွေကိုလည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က စိုးရိမ်စရာ ဖြစ်ကြောင်း တနလာင်္နေ့က ပြောဆိုထားပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဒီဥပဒေကြမ်းဟာဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းအချက်အလက် ရရှိခွင့်၊ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံရေးတို့ကို တရားဥပဒေနဲ့ အညီမဟုတ်ဘဲ စစ်တပ်က ခန့်အပ်သူတွေက ထိပါး ချိုးဖောက်ခွင့်ရသွားစေနိုင်တာကြောင့် အထူးပဲ စိုးရိမ်ရပါကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောဆိုထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/un-urge-to-release-aung-san-suu-kyi-/5780849.html
No comments:
Post a Comment