လှည်းတန်းဆန္ဒပြပွဲကိုသတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရ


လှည်းတန်းမှာ ဒီမနက် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို သတင်းယူဓာတ်ပုံရိုက်နေတဲ့ Myanmar Photo Agency (MPA) က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်နဲ့ AP သတင်းဌာန ဓာတ်ပုံသတင်းထောက်တို့ကို ရဲတွေက ဖမ်းဆီးသွားတယ်လို့ MPA ကအတည်ပြုပါတယ်။ "မနက် ကိုးနာရီခွဲလောက်ကဖြစ်တာပါ။

 လှည်းတန်းမှာ ဆန္ဒပြဖို့ လူစုနေသူတွေကို ရဲက လူစုခွဲတာကို ဓာတ်ပုံရိုက်နေတုန်း ဓာတ်ပုံဆရာတွေကိုပါ ဆွဲခေါ်သွားတာ။ ဘယ်ခေါ်သွားလဲဆိုတာမသိရသေးဘူး။

 ကျွန်တော်တို့ ရဲစခန်းကို အခုလိုက်သွားဖို့စီစဉ်နေတယ်။ လှည်းတန်းမှာလည်း ရဲက တော်တော်ကိုများတယ်" လို့ MPA ကတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

လှည်းတန်းဆန္ဒပြပွဲကိုသတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရ  လှည်းတန်းဆန္ဒပြပွဲကိုသတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရ Reviewed by THITHTOOLWIN on 10:27 Rating: 5

No comments:

Powered by Blogger.