ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်ုအလက် ရယူပိုင်ခွင့်တို့အတွက် အင်တာနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အပြည့်အဝ ပြန်ဖွင့်ပေးဖို့လည်း တောင်းဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခုချိန်မှာ မြန်မာလူထုနဲ့အတူ ရပ်တည်ကြဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်ဘက်အုပ်ချုပ်မှုကနေ အသွင်ကူးပြောင်းခဲ့တဲ့ ကာလအတွင်း ရရှိခဲ့တဲ့ မခိုင်မာသေးတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုတွေ ပြိုကျမသွားအောင် တားဆီးရေး သြဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံအားလုံးက လုပ်ဆောင်ကြဖို့ကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးက တောင်းဆိုထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com/a/un-myanmar-peace-protest-military-coup-/5767863.html
No comments:
Post a Comment