နေပြည်တော်မှာ ဆန္ဒပြကျောင်းသူ/သား ၃၀ ကျော် ဖမ်းဆီးခံရ နပွေညျတောျ အထက (၁၄) က ကြောငျးသားမြား အာဏာရှငျဆနျ့ကငြျရေး ကနျ့ကှကျဆန်ဒပွသူမြားကို ဖဖေေါျဝါရီ ၁၃ ရကျနေ့ကတှေ့ရစဉျ / Photo: RFA |
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် အထက (၁၄) က ကျောင်းသားဟောင်းတွေနဲ့ လက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းသူ/သားတွေ ပါ၀င်တဲ့ သပိတ်စစ်ကြောင်းဟာ မနက် ၇ နာရီလောက်က ရွှေကြာပင်ကနေ စထွက်ပြီး လူစည်ကားရာ သပြေကုန်းစျေး၊ ကျောက်စိမ်းပြတိုက်နဲ့ အဆင့်မြင့်စျေးအနီးကို လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
အဆင့်မြင့်စျေး စည်ပင်ဘဏ်ရှေ့အရောက်မှာ တင့်ကားတစ်စီးနဲ့အတူ လက်နက်ကိုင် စစ်သားအပြည့်ပါ၀င်တဲ့ စစ်ကား ငါးစီးက ၀န်းရံ ပိတ်ဆို့ပြီးတဲ့နောက် ကျောင်းသား အဟောင်းနဲ့ အသစ်တွေအပါအဝင် စုစုပေါင်း ဆန္ဒပြသူ ၃၅ ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ၈၈-မျိုးဆက် ကျောင်းသားတစ်ဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။
အဲဒီဆန္ဒပြ ကျောင်းသူ/သားတွေကို နေပြည်တော် အချုပ်ထောင်ကို ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/thirty-students-arrested-in-naypyitaw-02152021031257.html
No comments:
Post a Comment