တပ်က အပစ်ရပ် တစ်လကြေညာ၊ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး ၇ ဦးနဲ့ ကော်မတီ အသစ်ဖွဲ့
တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဒုတိယ ဗိုလ်ချုပ်ကြီး ၇ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီကော်မတီ ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
ဒါအပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုတွေကို ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က နေ ၂၈ ရက်နေ့ အထိ ရပ်စဲပေးသွားမယ်လို့ ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်ရွေးကောက်ပွဲအပြီး နောက်တစ်နေ့မှာ ဒီကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ အခု ဒုတိယ ဗိုလ်ချုပ်ကြီး ၂ ဦးနဲ့ ထပ်တိုးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်တစ်နေ့မှာပဲ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးပြီး ထာဝရငြိမ်းချမ်းရေးရတဲ့အထိ ဆွေးနွေးဖို့ ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဥက္ကဋ္ဌတာဝန်ယူပြီး ဌာနကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး၄ဦး နဲ့ တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ဒီကော်မတီကို အရင်ကတည်းက ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းဖို့ ရည်မှန်း ပြင်ဆင်ခဲ့တာ ဖြစ်တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောခဲ့ပါတယ်။
"ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် NRPC ရှိတယ်၊ နောက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးဆောင်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေရှိတယ်၊တပ်မတော်နဲ့ ထပ်ပြီးသီးသန့်ဆွေးနွေးဖို့ဟာ ရှိရင် သီးသန့် ဆွေးနွေးလို့ရအောင် သီးသန့်ခွဲပေးလိုက်တာပါ "လို့လည်းသူကပြောပါတယ် ။
အခုလက်ရှိ အစိုးရကို အာဏာသိမ်းထားပြီးနောက်မှာ အစိုးရ ရဲ့ NRPC ကိုဆက်မထားတော့ဘဲ တပ်က သီးသန်းဆွေးနွေးဖို့ပြင်လာတာလည်း ဖြစ်တယ်လို့ ယူဆကြပါတယ်။
BBC Burmese
No comments:
Post a Comment