ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် ရန်ကုန် ဆူးလေ ဘုရားအနီးမှာ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ရေး ဆန္ဒပြကန့်ကွက်ပွဲမှာ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသား လူငယ်တွေလည်း ပါဝင်လာကြပါတယ်။ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ ကျိန္တလီ စတဲ့ မြို့တွေမှာလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အာဏာသိမ်းအစိုးရက ခန့်အပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်ရာထူးကို ရခိုင်အမျိုးသားပါတီ ANP က ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အေးနုစိန် လက်ခံပြီးနောက်ပိုင်း သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး ပါတီဝင်တွေ နုတ်ထွက်မှုတွေလည်း ရှိနေပါတယ်။
RFA Burmese
ဆူးလေ ဘုရားအနီး ရခိုင်တိုင်းရင်းသား လူငယ်တွေ ဆန္ဒပြမြင်ကွင်း
Reviewed by THITHTOOLWIN
on
17:51
Rating:
No comments:
Post a Comment