မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနကို တပ်ဘက်က ဝန်းရံထား


ရန်ကုန်မြို့မှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အသံလွှင့်ဌာနကို တပ်မတော်က လာရောက် ဝိုင်းထားကြောင်း MRTV တာဝန်ရှိသူတွေက လူမှုကွန်ရက်မှာရေးသားကြပါတယ်။

စစ်ကားတွေနဲ့ လာရောက်ဝိုင်းရံထားတာဖြစ်ပြီး ဘယ်တပ်ဖွဲ့ကလည်း ဆိုတာကိုတော့ မသိရသေးဘူး လို့ ဖော်ပြပါတယ်။

MRTV ဝန်ထမ်း တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားရာမှာတော့ စစ်ကားအများအပြားနဲ့ လာရောက်တာလို့ ဆိုပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ဖို့ ဘီဘီစီက ဆက်လက်ကြိုးပမ်းနေပါတယ်။ 

---------------------------------------------------------------------

ဆက်သွယ်ရေး ပြတ်တောက်မှုတွေရှိနေ

နေပြည်တော်မှာ ဆက်သွယ်ရေး ပြတ်တောက်နေပြီး ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေမှာတော့ ဆက်သွယ်ခေါ်ယူရ ခက်ခဲမှုတွေရှိနေပါတယ်။

ဒါဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို ဖြတ်တောက်ထားမှု ဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိပေမယ့် ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုထားနိုင်ခြင်းတော့ မရှိပါဘူး။

ပြည်တွင်းနေသူများ က Facebook လူမှုကွန်ရက်မှာ သတင်းအချက်အလက်တွေ ရေးသား ပြောဆို နေကြပေမယ့် သူတို့ကို ဆက်သွယ်ခေါ်ယူလို့ မရနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

BBC Burmese

https://www.bbc.com/burmese/live/burma-55882493

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနကို တပ်ဘက်က ဝန်းရံထား  မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနကို တပ်ဘက်က ဝန်းရံထား Reviewed by THITHTOOLWIN on 06:54 Rating: 5

No comments:

Powered by Blogger.