တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ ဦးထွန်းထွန်းဟိန်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ထိန်းသိမ်းခေါ်ဆောင်သွား
![]() |
ဦးထွန်းထွန်းဟိန်း |
နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်တို့ကို နေအိမ်တွေကနေ ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ ညနေပိုင်းမှာ စစ်တပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူးဦးကျော်ဝဏ္ဏက ဘီဘီစီကို ပြောပါတယ်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပြီးခဲ့တဲ့ မိနစ်ပိုင်းက လာခေါ်သွားတာဖြစ်ပြီး ဦးထွန်းထွန်းဟိန်ကို ဒီနေ့ ညနေပိုင်း ညနေ ၄ နာရီခွဲက ခေါ်သွားတာဖြစ်ကြောင်းနဲ့ ဒေါက်တာမျိုးအောင်ကို နေပြည်တော်နေအိမ်ကနေ လာခေါ်သွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
ထပ်မံရရှိတဲ့ သတင်းတွေအရ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့ကိုလည်း နေအိမ်တွေက နေ လာခေါ်သွားတယ်လို့လည်း NLD ပါတီကနေ တစ်ဆင့် သိရပါတယ်။
BBC Burmese
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ ဦးထွန်းထွန်းဟိန်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ထိန်းသိမ်းခေါ်ဆောင်သွား
Reviewed by THITHTOOLWIN
on
21:45
Rating:

No comments:
Post a Comment