မြန်မာပြည်သူတွေနဲ့ သွေးစည်းကြောင်းပြတဲ့ ဘန်ကောက်မြို့ ဆန္ဒပြပွဲ

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆို

ထိုင်းနိုင်ငံတွင်း တင်းကျပ်တဲ့ “တော်၀င်ထီးနန်းနဲ့ဘုရင်ကို မစော်ကားရ” ဥပဒေကို ဆန့်ကျင်တဲ့ လူရာပေါင်းများစွာပါ၀င်တဲ့ ဆန္ဒပြပွဲတစ်ရပ်ဘန်ကောက်မှာ ဗုဒ္ဓဟူးနေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲဟာ အစတုန်းကတော့ မြန်မာပြည်မှာစစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြောင်း သွေးစည်းမှုကိုပြသဖို့ ထိုင်းတက်ကြွလှုပ်ရှားသူတွေ စီစဥ်ထားတာပါ။

ဒါပေမယ့်လည်း ထိုင်းတက်ကြွလှုပ်ရှားသူ၄ယောက် တော်၀င်ထီးနန်းဥပဒေနဲ့ဖမ်းခံရပြီး ရမန်ယူဆက်လက်ချုပ်နှောင်ခံနေရတဲ့အတွက်၊ သူတို့ကိုပြန်လွှတ်ပေးဖို့ ဘန်ကောက်ဆန္ဒပြသမားတွေ တောင်းဆိုခဲ့ကြပြီး၊မြန်မာ့အရေးကိုလည်း တပါတည်းတွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲအတွင်း မြန်မာအလံလွှင့်ထားတာကို တွေ့ရတဲ့အပြင်၊ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးထားတာကို ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပြီးပြန်လွှတ်ပေးဖို့ တောင်းဆိုသူတွေလည်း ရှိပါတယ်။ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ရဲ့ မျက်နှာကို ကြက်ခြေခတ်ဖျက်ထားတဲ့ပုံတွေလည်း တွေ့ရပါတယ်။

ရဲစခန်းအနီးမှ ာထိုင်းဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ထိပ်တိုက်ရင်ဆိုင်မှုတချို့ဖြစ်ခဲ့ပါတယ်။

တင်းကျပ်တဲ့ တော်၀င်ထီးနန်းနဲ့ ဘုရင်ကို မစော်ကားရ ဥပဒေ ဖျက်ပေးဖို့ ဘန်ကောက် ဆန္ဒပြသမားတွေ တောင်းဆို

မြန်မာပြည်သူတွေနဲ့ သွေးစည်းကြောင်း ပြတဲ့ပွဲ


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

မြန်မာပြည်သူတွေနဲ့ သွေးစည်းကြောင်းပြတဲ့ ဘန်ကောက်မြို့ ဆန္ဒပြပွဲ  မြန်မာပြည်သူတွေနဲ့ သွေးစည်းကြောင်းပြတဲ့ ဘန်ကောက်မြို့ ဆန္ဒပြပွဲ Reviewed by THITHTOOLWIN on 07:09 Rating: 5

No comments:

Powered by Blogger.