မြန်မာနိုင်ငံအတွင်းဆန္ဒပြသူများအား အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာဝန်ရှိစေရေး တိုးမြှင့်ဆောင်ရွက်မှု


သတင်းထုတ်ပြန်ချက်

အန်တိုနီ ဂျေ ဘလင်ကင်၊ နိုင်ငံခြားရေးဝန်ကြီး

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီနည်းကျအုပ်ချုပ်မှု၊ ငြိမ်းချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုပြန်လည်ရရှိရေးအတွက် ရဲရင့်သောသတ္တိ၊ သန္နိဋ္ဌာန်တို့နှင့်အတူ နိုင်ငံတစ်နံတစ်လျားမှ ထွက်ပေါ်လာကြသောမြန်မာပြည်သူလူထုနှင့်အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ တညီတညွတ်တည်း ရပ်တည်ပါသည်။ လူလေးဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိစေခဲ့သော လက်နက်မဲ့ဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ ရက်ရက်စက်စက်တိုက်ခိုက်မှုကို မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ ရာနှင့်ချီသော နိုင်ငံရေးသမားများ၊ လူ့ခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းနေခြင်းအတွက်လည်း မိမိတို့ ကန့်ကွက်ရှုတ်ချပါသည်။ အမေရိကန်ပြည်ထောင်စုသည် ပြည်သူလူထုအပေါ်အကြမ်းဖက်မှုကို လက်မခံသည့်အကြောင်း မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အနီးကပ်လက်တွဲ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ စစ်တပ်ကိုအထူးအလေးပေးပြောကြားလိုပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှစ်ဦးဖြစ်သော မောင်မောင်ကျော်နှင့်မိုးမြင့်ထွန်းတို့ကို ဒဏ်ခတ်အရေးယူသည့်စာရင်း၌ ယနေ့ထပ်မံထည့်သွင်းခြင်းဖြင့် အမေရိကန်ပြည်ထောင်စုက တုံ့ပြန်လိုက်ပါသည်။ ဤသို့ဒဏ်ခတ်အရေးယူမှုစာရင်း၌ ထည့်သွင်းခြင်းသည် Section 1(a)(iii)(A) of Executive Order (E.O.) 14014 “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အရ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ 

စစ်တပ်နှင့်ရဲတပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ်တိုက်ခိုက်နေမှုအားလုံးရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် ခြိမ်းခြောက်တိုက်ခိုက်နေမှုများရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန် မိမိတို့တောင်းဆိုလိုက်သည်။ အာဏာသိမ်းခေါင်းဆောင်များနှင့် ဤအကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာန်ယူမှုရှိစေရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မိမိတို့သည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒအား အကြမ်းဖက်၍နှိမ်နှင်းမှု ကျူးလွန်သူများကို ထပ်မံတိုးမြှင့်အရေးယူရန်အတွက် မိမိတို့လက်တွန့်နေမည်မဟုတ်ပါ။ မြန်မာပြည်သူလူထုအတွက် မိမိတို့၏အားပေးထောက်ခံမှုကလည်း ယိမ်းယိုင်သွားမည်မဟုတ်ပါ။ 


Promoting Accountability for Those Responsible for Violence Against Protestors in Burma

PRESS STATEMENT 

ANTONY J. BLINKEN, SECRETARY OF STATE 

FEBRUARY 22, 2021

The United States stands in solidarity with the people of Burma who came out across the country with courage and determination today to reject the military coup and voice their aspirations for a return to democratic governance, peace, and rule of law. We condemn the security forces’ brutal attacks on unarmed protesters, which resulted in four deaths and injured over 40 individuals. We also condemn the ongoing arrests and detentions of hundreds of politicians, human rights defenders, and peaceful protestors. The United States, in close coordination with our partners and allies, has underscored to the military that violence against the people is unacceptable. 

Today, the United States is responding by designating two additional State Administrative Council (SAC) members, Maung Maung Kyaw and Moe Myint Tun. These designations were made pursuant to Section 1(a)(iii)(A) of Executive Order (E.O.) 14014, “Blocking Property With Respect to the Situation in Burma.” 

We call on the military and police to cease all attacks on peaceful protesters, immediately release all those unjustly detained, stop attacks on and intimidation of journalists and activists, and restore the democratically elected government. The United States will continue to work with a broad coalition of international partners to promote accountability for coup leaders and those responsible for this violence. We will not hesitate to take further action against those who perpetrate violence and suppress the will of the people. We will not waver in our support for the people of Burma.


U.S. Embassy Rangoon

https://www.facebook.com/usembassy.rangoon

မြန်မာနိုင်ငံအတွင်းဆန္ဒပြသူများအား အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာဝန်ရှိစေရေး တိုးမြှင့်ဆောင်ရွက်မှု မြန်မာနိုင်ငံအတွင်းဆန္ဒပြသူများအား အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို တာဝန်ခံမှု၊ တာဝန်ရှိစေရေး တိုးမြှင့်ဆောင်ရွက်မှု Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.