မန္တလေးမြို့ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရ



မန္တလေးမြို့၊ မြန်မာ့စီးပွားရေးဘဏ် ၁ အနီးမှာ ဆန္ဒပြနေတဲ့သူတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

သေနတ်ပစ်ဖောက်နှိမ်နင်းခဲ့ပြီး ဆန္ဒပြပြည်သူတွေနဲ့ သတင်းယူနေတဲ့သတင်းထောက်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဆဲဆိုခဲ့သလို လေးခွနဲ့ ပစ်တာတွေလည်းရှိခဲ့ပါတယ်။
သတင်းထောက်တစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပတာပါ။

အခင်းဖြစ်နေရာအနီးက အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ခွဲရုံးရဲ့ ပြတင်းပေါက်မှန်ကို ကျည်ဆံထိမှန်ခဲ့ပြီး  ကျည်ဆံကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် ရိုက်နှက်ခံရသူတွေရှိခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေထဲက တဦးဖြစ်တဲ့ ကိုဇော်မင်းလေးက အဖြစ်အပျက်ကို ပြန်ပြောပြထားပါတယ်။



RFA Burmese
မန္တလေးမြို့ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရ မန္တလေးမြို့ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရ Reviewed by THITHTOOLWIN on 04:40 Rating: 5

No comments:

Powered by Blogger.