ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ်တွေ တောင်းဆို

ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ်တွေ တောင်းဆို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ နေထိုင်တဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ် / Photo: RFA

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည် အပါအဝင် ဖမ်းဆီးသူတွေကို အမြန်ဆုံးချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်အစည်းအဝေး ခေါ်ယူဖို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) မှာရှိတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ဒီလက်မှတ်ရေးထိုးတောင်းဆိုမှုမှာ NLD ကိုယ်စားလှယ်အားလုံး ပါဝင်တယ်လို့ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

ပြည်သူတွေသဘောဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တာနဲ့ အညီ စစ်အာဏာရှင်ကို ဆန်ကျင်ကြောင်းနဲ့ ဒီမိုကရေစီအရေး၊ နိုင်ငံသားအခွင့်အရေးအတွက် ပြည်သူနဲ့အတူ ရပ်တည်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်စားလှယ်တွေကို ရွေးကောက်ခံရတဲ့နေ့ကနေ ငါးနှစ်ပြည်တဲ့အထိ မည်သူကမျှ ကိုယ်စားလှယ်အဖြစ်ကနေ ငြင်းပယ် ရုပ်သိမ်းခွင့်မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူပြီး ရွေးကောက်တင်မြောက်ထားတဲ့အစိုးရကို ဖျက်သိမ်းတာကို ဆန့်ကျင်ကြောင်းနဲ့ ဦးဝင်းမြင့်ကသာ နိုင်ငံတော် သမ္မတ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာက လွှတ်တော်ကိုယ်စားလှယ်တွေကို ၂၄ နာရီအတွင်း ထွက်ပေးဖို့ အာဏာသိမ်း စစ်အစိုးရက ဒီနေ့မနက်မှာ ဖိအားပေး ပြောကြားထားတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/member-of-parliament-request-to-call-parliament-02032021053446.html

ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ်တွေ တောင်းဆို  ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ်တွေ တောင်းဆို Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.