သြစတြေးလျ ရေနံကုမ္ပဏီက ဝန်ထမ်းတွေ ပြန်ထွက်ခွာမယ်

သြစတြေးလျ ရေနံကုမ္ပဏီက ဝန်ထမ်းတွေ ပြန်ထွက်ခွာမယ်


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိလာနေတာကြောင့် သြစတြေးလျ ရေနံကုမ္ပဏီ Woodside ဝဒ်ဆိုဒ်က မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လျှော့ချ နေပြီး မကြာခင် သီတင်းပတ်တွေထဲမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေ လုပ်ငန်းရပ်နားထွက်ခွာဖို့ ရှိတယ်လို့ ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကုမ္ပဏီရဲ့စီးပွားလုပ်ဆောင်မှုတွေကို မြန်မာနိုင်ငံရဲ့အခြေအနေတွေကို စောင့်ကြည့်သုံးသပ်ပြီး ဆုံးဖြတ်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီက တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် စီးပွားရေး လုပ်ဆောင်နေတာ မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဝဒ်ဆိုဒ် က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အကူးအပြောင်းကာလ အရေးကိစ္စလို့ ရှုမြင်ပြီး မြန်မာကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်က ပြောထားခဲ့ပါတယ်။

ဒါ့အပြင် ဝဒ်ဆိုဒ်အနေနဲ့ ဒီလုပ်ငန်းတွေကနေ ပြန်ထွက်ခွာဖို့ ဘယ်လို သံတမန်ရေး ဖိအားမှ မရှိဘူးလို့ ဆိုပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကလည်း သူတို့ ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ထိခိုက်လာနိုင်ခြေ တော်တော်နည်းတယ်လို့လည်း ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

သြစတြေးလျ ရေနံကုမ္ပဏီက ဝန်ထမ်းတွေ ပြန်ထွက်ခွာမယ် သြစတြေးလျ ရေနံကုမ္ပဏီက ဝန်ထမ်းတွေ ပြန်ထွက်ခွာမယ် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.