မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပပေးဖို့ ဗြိတိန်နဲ့ အီးယူ ဥရောပသမဂ္ဂက ဒီကနေ့ တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကနေ ဆက်နွှယ်ပေါ်ပေါက်လာတဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အထူးအစည်းအဝေး တစ်ရပ် ခေါ်ယူကျင်းပပေးဖို့ ဥရောပသမဂ္ဂနဲ့အတူ ယူကေနိုင်ငံက ပန်ကြား တင်ပြထားပြီး ဖြစ်ကြောင်းကို မိတ်ဖက်နိုင်ငံတွေကို အသိပေးလိုပါတယ်လို့ ဂျီနီဗာမှာရှိတဲ့ ဗြိတိသျှ သံအမတ် ဂျူလီယန် ဘရေ့သ်ဝိတ် က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။
BBC Burmese
မြန်မာ့အရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ခေါ်ဖို့ ဗြိတိန်နဲ့ အီးယူ တင်ပြ
Reviewed by THITHTOOLWIN
on
22:33
Rating:
No comments:
Post a Comment