တောင်ကုတ် ဆန္ဒပြပွဲ |
စစ်အာဏာသိမ်း ဆန့်ကျင်မှုနဲ့ ပတ်သက်ပြီးဖမ်းထားသူတွေ လွှတ်ပေး ဖို့ ဆန္ဒပြတွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တောင်ကုတ်မြို့နယ်ရဲစခန်းရှေ့မှာ ဆန္ဒပြ နေကြပါတယ်။
တပ်မတော်က စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်နေကြတဲ့အချိန်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ဆန္ဒပြပွဲဦးဆောင်သူတွေဖြစ်တဲ့ ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့လယ်ပိုင်း မှာ ဖမ်းဆီးခံလိုက်ကြရတာဖြစ်ပါတယ်။
တောင်ကုတ်မြို့ဆန္ဒပြမှုအပြီး ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ မြို့နယ်ပါတီရုံးမှာ ရှိနေတဲ့အချိန် ရဲတပ်ဖွဲ့ကလာရောက် ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ညနေပိုင်းမှာတော့ သူတို့နှစ်ဦးစလုံးကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေနဲ့အမှုဖွင့်ဖမ်းဆီး လိုက်တာဖြစ်တယ်လို့ NLD ပါတီက ဒေါ်အေးအေးနိုင်က ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက် မနက်ပိုင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို မနက်ပိုင်း ၁၁ နာရီလောက်မှာ အဆုံးသတ်ခဲ့ကြပေမယ့် ဦးဆောင်သူတွေဖမ်းဆီးခံလိုက်ကြရတာကြောင့် နေ့လယ်ပိုင်းမှာ သူတို့နှစ်ဦးကိုပြန်လည် လွှတ်ပေးဖို့တောင်းဆိုမှုတွေပြလုပ်ခဲ့ကြပါတယ်။
ပြန်လည်လွှတ်ပေးခြင်းမရှိတဲ့အတွက် ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီလောက်ကနေ တောင်ကုတ်မြို့မရဲစခန်းရှေ့မှာ ဒေသခံ ၅၀ လောက်စုဝေးပြီးတော့ ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်နေကြတာဖြစ်တယ် လို့ ဒေါ်အေးအေးနိုင်က ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူ ၇ ဦးထဲက အမျိုးသားတစ်ဦးကိုတော့ ပြန်လည်လွှတ်ပေးလိုက်ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း နောက်ထပ် နှစ်ဦးထပ်မံဖမ်းဆီးခြင်းခံလိုက်ရတယ်လို့သိရပါတယ်။
တောင်ကုတ် ရဲစခန်းရှေ့မှာတောင်းဆို |
BBC Burmese
No comments:
Post a Comment