အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မြန်မာလာရောက်ဖို့ရှိ

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ဓာတ်ပုံ - Courtesy/Kemlu)

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ ကြာသပတေးနေ့ကျရင် မြန်မာနိုင်ငံကို နေ့ချင်းပြန် သွားရောက်မယ်လို့ ပေါက်ကြားခဲ့တဲ့ အစိုးရညှိနှိုင်းစာတခုထဲမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကျရင် နေပြည်တော် နိုင်ငံတကာလေဆိပ်ကို ရောက်လာမယ့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ် ဆိုက်ရောက်ထွက်ခွာချိန်မှာ လေဆိပ် ဧည့်ခန်းမဆောင်ကို အသုံးပြုဖို့အတွက် ညှိနှိုင်းတဲ့ ပို့ဆောင်ရေးနဲ့ ဝန်ကြီးဌာနရဲ့ ရုံးတွင်းစာ ပေါက်ကြားထွက်လာခဲ့တာပါ။ ဒီစာဟာ အမှန်ဖြစ်တယ်လို့ အတည်ပြုကြောင်း Reuters သတင်းဌာနရဲ့ သတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ကြာသပတေးနေ့ မနက် မြန်မာနိုင်ငံကို ရောက်လာပြီးတော့ ညနေပိုင်းမှာ ပြန်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အင်ဒိုနီးရှားဝန်ကြီး Marsudi ဟာ လောလောဆယ်မှာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီးတော့ အဲဒီကနေ ဒေသတွင်း တခြားနိုင်ငံတွေကို သွားကောင်းသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ပြောခွင့်ရ Tengku Faizasyah ပြောပါတယ်။

မြန်မာနိုင်ငံကို သွားမသွားဆိုတာတော့ သူကအတည်မပြုပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေထဲမှာ ဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်ကြိုးစားနေတာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/indonesian-minister-to-fly-myanmar/5789588.html

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မြန်မာလာရောက်ဖို့ရှိ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မြန်မာလာရောက်ဖို့ရှိ Reviewed by THITHTOOLWIN on 01:16 Rating: 5

No comments:

Powered by Blogger.