ရန်ကုန်တိုင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲကြောင်းစာထုတ်

ရန်ကုန်တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးကောင်စီဟာ ရန်ကုန်တိုင်းအတွင်း ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အားလုံးကို ဖေဖာ်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီးတာဝန်ကနေ ရပ်စဲလိုက်တယ်လို့ အမိန့်စာထုတ်တဲ့အတဲ့အကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက် ကျေးရွာစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာနာမည်ပြောင်းလဲပြီး ပြန်လည်ခန့်ထားပေးဖို့ အတွက် အခုလို ပြောင်းလဲတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေကို ပြန်လည်ခန့်ထားဖို့ရှိပြီး ပေးအပ်သောတာဝန်ကို ကျေပွန်အောင်ထမ်းဆောင် ပါမယ်လို့ ရန်ကုန်တိုင်းစီမံကောင်စီ ဥက္ကဋ္ဌကိုလက်မှက်ထိုးပြီး ပြန်ပို့ပေးရဖို့ရှိတယ်လို့လည်း သိရပါတယ်၊



BBC Burmese

https://www.bbc.com/burmese/live/burma-55990515

ရန်ကုန်တိုင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲကြောင်းစာထုတ်  ရန်ကုန်တိုင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲကြောင်းစာထုတ် Reviewed by THITHTOOLWIN on 02:37 Rating: 5

No comments:

Powered by Blogger.