အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာ ဖို့ရှိ


ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြသူများ

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudiဟာ လာမယ့် ကြာသာပတေးနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) မှာ နေပြည်တော်ကို လာရောက်ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကစာအရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို နေ့ချင်းပြန် ခရီးလာရောက်မှာဖြစ်တယ်ဆိုတာကို အစိုးရဘက်က အတည်ပြုတယ်လို့ ရိုက်တာသတင်းကရေးပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရွေးကောက်ပွဲကတိ အကောင်အထည်ဖော်နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဖိအားပေးသင့်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပြီးနောက် ဖေဖော်််ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာပြည်သူများရဲ့ ဆန္ဒသဘောထားကို လေးစားရမည်ဖြစ်ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့ပါတယ်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး၏ အစောပိုင်းပြောဆိုမှုနဲ့ပတ်သက်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့် ကွက်နေသူ ပြည်သူများက ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးရှေ့မှာ ဒီနေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကိုပြန်လည်ကျင်းပဖို့ အင်ဒိုနီးရှားကထောက်ခံမှုမရှိကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြောကြားမှုဟာ နားလည်မှုလွဲခြင်းသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်က ယနေ့မွန်းလွဲ ၂နာရီခန့်မှာ ဆန္ဒပြသူများကို တွေ့ဆုံပြောကြားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာ ဖို့ရှိ  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာ ဖို့ရှိ Reviewed by THITHTOOLWIN on 01:11 Rating: 5

No comments:

Powered by Blogger.